Friday, August 5, 2011

Desktop ပေါ်တွင် မြန်မာ ပြက္ခဒိန်တင်ရန် Software

Myanmar Calendar for 2011

PostAuthorIconWritten by Thurein

Product Name: Myanmar Calendar for 2011
Product Type: Windows 7 Gadget
Product Version: 1.0
Author: Zaw Thurein Tun
Credit: Ko Soe Min & Ko Wunna Ko
Proudct License: Freeware
File Size: 39 KB


Description:
ကွန်ပျူတာ၏ Desktop ပေါ်တွင် လက်ရှိမြန်မာသက္ကရာဇ်နှင့် မြန်မာရက်စွဲကို ဖော်ပြပေးမည် ဖြစ်သည်။ နေ့ထူးနေ့မြတ်များ ရောက်ပါကလည်း နေ့ထုးနေ့မြတ်၏ အမည်ပါ ဖော်ပြပေးမည်ဖြစ်သည်။
Requirement:
(၁) Windows 7 Operating System
(၂) Zawgyi Font
Install ပြုလုပ်ပုံ
အပေါ်က Download button ကို နှိပ်ပြီး Download လုပ်လိုက်ပါ ။ Zip ဖိုင်တစ်ခု ရပါလိမ့်မယ်။ အဲဒီ Zip ဖိုင်ကို Extract လုပ်ပါ။ အဲဒီအခါမှာ Myanmar Calenar.Gadget ဆိုတဲ့ Folder တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီ Folder ကို Copy ကူးပြီး C:\Program Files\Windows Sidebar\Gadgets ဆိုတဲ့ Folder ထဲမှာ Paste လုပ်လိုက်ပါ။
ပြီးတဲ့အခါ Desktop ပေါ် Right Click နှိပ်ပြီး Gadgets ကို ရွေးပါ။ ပြီးနောက် Myanmar Calendar ပေါ်မှာ Double Click နှိပ်လိုက်ပါ။ အဲဒီအခါမှာ မြန်မာပြက္ခဒိန်ဟာ သင့် Desktop ပေါ် ရောက်လာပါလိမ့်မ ယ်။
အားလုံး အဆင်ပြေကြပါစေ။
ဖြစ်ပေါ်လာပုံ
ကျွန်တော်တို့တွေဟာ မြန်မာပြည်သူပြည်သားတွေပါ။ ဒါပေမဲ့ ဒီနေ့မြန်မာလို ဘယ်နှစ်ရက်နေ့လဲလို့ မေးလိုက်ရင် ဖြေနိုင်တဲ့သူ တော်တော်ရှားပါတယ်။ ကျွန်တော်ကိုယ်တိုင်အပါအ၀င်ပေါ့။ ဒါပေမဲ့ မသိလည်း ဘာဖြစ်လဲလို့ပြန်မေးရင်တော့ ဘာမှတော့ မဖြစ်ပါဘူးပေါ့လေ။

လွန်ခဲ့တဲ့ နှစ်လလောက်က ၀ါဆိုလပြည့်နေ့ရောက်ရင် ဘုရားသွားဦးမယ်ဆိုပြီး ကျွန်တော်ကြံစည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ့် ၀ါဆိုလပြည့်နေ့ရောက်တဲ့အခါမှာ မသိတော့ပါဘူး။ ပြက္ခဒိန်ကိုလည်း မကြည့်ဖြစ်ဘဲ လူက ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့တာကိုး။ အဲဒီလိုဖြစ်တော့မှ ကွန်ပျူတာနဲ့ မြန်မာပြက္ခဒိန်ကြည့်လို့ရရင် ကောင်းမှာပဲဆိုပြီး အတွေးလေးက ကျွန်တော့်ခေါင်းထဲ ၀င်ရောက်လာပါတယ်။

နောက်တစ်ခုက ပြီးခဲ့တဲ့ ဇူလိုင်၁၉နေ့မှာပါ။ ဇူလိုင်၁၉နေ့ရောက်ရင် ဗိုလ်ချုပ်သီချင်းတွေကို အိမ်နီးချင်းတွေကြားအောင်ပါ ဖွင့်မယ်ဆိုပြီး ကျွန်တော်တေးထားပါတယ်။ ဒါပေမဲ့ တကယ့်ဇူလိုင်(၁၉)ရောက်တဲ့အခါမှာတော့ ကျွန်တော် မသိတော့ပါဘူး။ လွန်သွားမှ သိလိုက်ပါတယ်။ အဲဒီလိုဖြစ်တော့မှ ကွန်ပျူတာနဲ့ မြန်မာ့နေ့ထူးနေ့မြတ်တွေကို ကြည့်လို့ရရင် သိပ်ကောင်းမှာပဲဆိုပြီး အတွေးလေးက ကျွန်တော့်ခေါင်းထဲ ၀င်ရောက်လာပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။

အင်တာနက်သုံးရင်နဲ့ Windows 7 မှာပါတဲ့ Gadget တွေကို Develop လုပ်နည်းတွေကို Microsoft ရဲ့ Site ထဲကနေ ဖတ်လိုက်ရပါတယ်။ အစကတည်းက လူက စိတ်ဝင်စားနေတာကိုး။ Windows 7 ရဲ့ Gadget တွေဖြစ်ကြတဲ့ နာရီတွေ၊ ပြက္ခဒိန်တွေ၊ Notes တွေကို ဘယ်လိုဖန်တီးပြီး ဘယ်လိုလုပ်တယ်ဆိုတာကို သိချင်နေတာက ကြာခဲ့ပါပြီ။ အခုသိသွားတော့မှ အရမ်းအံ့သြသွားပါတယ်။ အဲဒီ Gadget လေးတွေက HTML, CSS နဲ့ Javascript တွေကိုပဲ သုံးပြီး ရေးသွားတာမို့လို့လေ။

အဲဒီနေ့ညမှာပဲ ကိုစိုးမင်းတို့ ဖန်တီးထားတဲ့ www.myanmarcalendar.info ကို ရောက်ခဲ့ပါတယ်။ ပြီးတော့ ကိုစိုးမင်း ရေးထားတဲ့ မြန်မာနေ့စွဲဖော်ပြပေးတဲ့ Javascript Source Code ကိုလည်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာက ဒီနေ့ မြန်မာလို ဘာနေ့လဲဆိုတာကိုသိဖို့က ဖွင့်ကြည့်မှ သိမယ့်ပုံစံဖြစ်နေပါတယ်။ ကျွန်တော်က Desktop ပေါ်မှာ ဒီနေ့ မြန်မာလို ဘာနေ့ဆိုတာကို ဖော်ပြပေးမှ ပိုအဆင်ပြေမယ်လို့ ယူဆပါတယ်။ တစ်ဘက်ကလည်း Windows 7 Gadget လုပ်နည်းကိုလည်းရ၊ တစ်ဘက်ကလည်း မြန်မာပြက္ခဒိန်အတွက် Source Code ရသွားတော့ မြန်မာပြက္ခဒိန်ကို Gadget အဖြစ်ဖန်တီးပြီး Free ဖြန့်မယ်လို့ ကျွန်တော်စိတ်ကူးလိုက်ပါတယ်။ နောက်ရက်မှာပဲ အဲဒီ Project ကို စတင်ပါတော့တယ်။

အားတဲ့အချိန်လေးတွေမှာပဲ လုပ်ရတော့ ကြားထဲမှာ တစ်လလောက်ကြာခဲ့ပါတယ်။ မြန်မာပြက္ခဒိန်အကြောင်း နားလည်အောင် စာအုပ်တွေရှာဖတ်ရပါတယ်။ ရှားရှားပါးပါး မဟာသုတဒီပနီကျမ်းထဲမှာ မြန်မာပြက္ခဒိန် ဘယ်လို တွက်တယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒါပေမဲ့ အရမ်းကြီး နားမလည်ပါဘူး။ နောက် နီးစပ်ရာလူကြီးတွေကို မေးကြည့်တော့ မြန်မာပြက္ခဒိန်ဟာ နှစ်တွေအများကြီး ကြိုတင်တွက်မရဘူးဆိုတာပါ သိလိုက်ရပါတယ်။ အခု ရောက်နေတဲ့ ၁၃၇၂ နှစ်ကိုမှ နောက်ထပ် ၁၃၈၀ အတွက်ဆိုပြီး ကြိုတွက်လို့ မရဘူးဆိုတာပါ သိလိုက်ရပါတယ်။
အဲဒါနဲ့ပဲ ကိုစိုးမင်းဆီကရတဲ့ Source Code ကို 2011 ခုနှစ်အတွက် ကိုက်အောင်ပဲ ပြန်ပြီး ပြင်ဆင်ခဲ့ပါတယ်။ HTML, CSS နဲ့ Javascript ကို သုံးပြီး ရေးထားတာပါ။ အဓိက Engine ကတော့ Javascript ပါ။ ကွန်ပျူတာနဲ့ အင်္ဂလိပ်ရက်စွဲကိုယူပြီး မြန်မာလို ဘယ်နေ့ဖြစ်တယ်ဆိုတာကို တွက်ချက်ပြီး Output ထုတ်ပြတာပါပဲ။ ပြီးတော့ နေ့ထူးနေ့မြတ်တွေ ရောက်ရင် ဥပမာ အာဇာနည်နေ့ဆိုရင် အာဇာနည်နေ့ဆိုပြီး ပေါ်ပေးမှာ ဖြစ်ပါတယ်။

တစ်နည်းမဟုတ်တစ်နည်းနဲ့ အားလုံးအတွက် အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။
Myanmar IT Men
အဆင်ပြေပါစေ မောင်အေးလွင်

0 comments: